မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)ရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ကော် မတီက အမျိုးသမီးပန်းရန်သင်တန်းကို ပထမဆုံးအကြိမ်အဖြစ် အခမဲ့ ဖွင့်လှစ်ပေးသွားမယ်လို့ MCEF က သိရ ပါတယ်။အမျိုးသမီးတွေဟာလည်း အုတ်စီအချောထည် ပန်းရန်လုပ်ငန်းကို တက်မြောက်ထားသင့်ပြီး အမျိုးသမီးတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ လုပ်သားရှားပါးမှုပြဿနာကို အထိုက်အလျောက် ဖြေရှင်း နိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ချုပ် ဦးကိုကိုလေးက ပြောပါတယ်။အဲဒီသင်တန်းကို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသမီးတွေ တက်ရောက်နိုင်မှာဖြစ်ပြီး ပညာအရည် အချင်းကိုတော့ မူလတန်းအောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။သင်တန်းသူ ဦးရေကို ၅၀ ဦးသာ လက်ခံမှာဖြစ်ပြီး သင်တန်းတက်တဲ့အခါ နေရေးနဲ့ စားရေးကိုပါ အသင်းချုပ်က တာဝန် ယူပေးမယ်လို့ ဆိုပါတယ်။ သင်တန်းတက်မယ့်သူတွေအနေနဲ့ အခု ဧပြီလ ၃၀ ရက် နောက်ဆုံးထား စာရင်းပေးသွင်းရမှာဖြစ်ပြီး ၁၄ ရက်ကြာ သင်တန်းတက်ရမှာ ဖြစ်ပါတယ်။

အဲဒီသင်တန်းကနေ သင်တန်းဆင်းမယ့်သူတွေကိုလည်း ဆောက်လုပ်ငန်းရေးလုပ်ငန်းခွင်တွေမှာ အလုပ်ပြန်ပေး သွားဖို့ရှိပြီး အနည်းဆုံးလစာ ကျပ် ၄ သိန်းက စတင်ပေးမယ်လို့ သိရပါတယ်။လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အမျိုးသမီးအများစုက ပန်းရန်လုပ်သားထက် အကူလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ချိန်မှာ ကျွမ်းကျင် ဆောက်လုပ်ရေးလုပ်သားနဲ့ ကျွမ်းကျင် အင်ဂျင်နီယာ လိုအပ်ချက် ကြီးမားလာနိုင်ဖွယ်ရှိတယ်လို့လည်း ဆောက် လုပ်ရေး လုပ်ငန်းရှင်တချို့က သုံးသပ်ထားကြပါတယ်။