အခု၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွင်းမှာ နှစ်ဆင့်ချေးငွေစီမံကိန်းနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူတွေကို ချေးငွေ ကျပ်၅ဘီလီယံခွဲနီးပါး ထုတ်ချေးထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အဲ့ဒီလိုထုတ်ချေးရာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လေးခုက တောင်သူ၆၁ယောက်ကို ထုတ်ချေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။နှစ်ဆင့်ချေးငွေကို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ လုပ် ဆောင်ရာမှာ လိုအပ်တဲ့စက်ကိရိယာတွေကို ဝယ်ယူအသုံးပြုနိုင်ဖို့ အတိုးနှုန်းသက်သာစွာနဲ့ နှစ်တိုသုံးနှစ်၊ နှစ်ရှည်ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်နဲ့ ထုတ်ချေးထားတာဖြစ်တယ်လို့ သိရပါတယ်။
နှစ်ဆင့်ချေးငွေကို ၂၀၁၇ခုနှစ်ဇူလိုင်လက စတင်ထုတ်ချေးခဲ့တာဖြစ်ပြီး ၂၀၂၄ခုနှစ် ဒီဇင်ဘာ၃၁ရက်အထိ တောင်သူ၅၈၁၆ယောက်ကို ချေးငွေ ကျပ် ၂၄၇ဘီလီယံကျော် ထုတ်ချေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-MOI