အခုနှစ်အတွင်းမှာ ကြိုးဝိုင်းတော၁၄ခု၊ ကြိုးပြင်ကာကွယ်တော၁၅၆ခု စုစုပေါင်း ၁၇၀ ဖွဲ့စည်းသတ်မှတ်သွားဖို့ရည်ရွယ်ထားတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောတွေသတ်မှတ်ဖို့ဆိုရင် ဝန်ကြီးဌာနအနေနဲ့သတ်မှတ်ဖို့ ရည်ရွယ်ကြောင်းကို ကက်ဘိနက်ကိုတင်ပြရပြီး ကက်ဘိနက်ရဲ့ ဆုံးဖြတ်ချက်နဲ့ သတ်မှတ်ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြိုးဝိုင်းတော ၈၂၆ခု၊ ကြိုးပြင်ကာကွယ်တော ၄၉၃ခု ဖွဲ့စည်းသတ်မှတ်ထားပြီး နိုင်ငံ့ဧရိယာရဲ့ ၂၆ရာခိုင်နှုန်းနီးပါး ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-MOI