မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှုဦးစီးဌာနက ထုတ်ပြန်ထားတဲ့ မိုးရေချိန် လက်မပေါ်မူတည်ပြီး အာမခံလျော်ကြေးငွေတွေ ထုတ်ပေးရာမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ အာမခံလျော်ကြေး ငွေကျပ် (၁၅)ဘီလီယံကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံအနေနဲ့ မိုးစပါးဆိုရင် မြန်မာပြည်အထက်ပိုင်းမှာ မိုးခေါင်တတ်တာကြောင့် သတ်မှတ်ထားတဲ့ မိုးရေချိန်အောက် လျော့နည်းခဲ့ရင် လျော်ကြေးငွေ ပေးအပ်ပြီး မြန်မာပြည်အောက်ပိုင်းဒေသမှာ တော့ မိုးများတတ်တာကြောင့် သတ်မှတ်ထားတဲ့ မိုးရေချိန်အညွှန်းကိန်းထက် ကျော်လွန်ခဲ့ရင် လျော်ကြေးငွေ ပေးအပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။အလားတူ ဆောင်းသီးနှံဆိုရင်တော့ သတ်မှတ်ထားတဲ့ မိုးရေချိန်ကျော်လွန်ခဲ့ရင် လျော်ကြေးပေးတဲ့ပုံစံနဲ့ ဆောင် ရွက်ပေးတာဖြစ်ပြီး မိုးစပါးသီးနှံတွေ အကြောင်းအမျိုးမျိုးကြောင့် ရေကြီးနစ်မြုပ်ပျက်စီးတာတွေ ရှိခဲ့ရင်လည်း လျော်ကြေးငွေပေးတာကိုပါ ထည့်သွင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြန်မာ့အာမခံလုပ်ငန်းမှာ ရာသီဥတုအညွှန်းကိန်းအခြေပြု သီးနှံအာမခံကို မိုးစပါးစိုက်ဧက (၂)သန်းကျော်မှာ တောင်သူပေါင်း ၄ သိန်းကျော် အာမခံထားရှိပြီး ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့က အများဆုံး အာမခံထားရှိတယ်လို့ သိရပါတယ်။