အခုဘဏ္ဍာနှစ် လေးလတာအတွင်း ပြည်ပကို လယ်ယာထွက်ကုန်တင်ပို့မှုကနေ ကန်ဒေါ်လာ ၁ ဘီလီယံခွဲကျော်ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
အခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဇူလိုင်လတတိယအပတ်အထိ လေးလတာအတွင်း လယ်ယာထွက်ကုန်တင်ပို့မှုကနေကန်ဒေါ်လာ ၁၇၂၃ သန်း ရရှိထားတာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီလိုတင်ပို့ရာမှာ ပင်လယ်ရေကြောင်းကနေတင်ပို့မှုကနေ ကန်ဒေါ်လာသန်း ၁၄၀၀ ကျော်နဲ့ နယ်စပ်တင်ပို့မှုကနေကန်ဒေါ်လာသန်း ၃၀၀ နီးပါး ရရှိထားတာဖြစ်တယ်လို့သိရပါတယ်။
ပြည်ပကို မြန်မာ့လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ပဲအမျိုးမျိုးနဲ့ ဆန်ကို အဓိကထားတင်ပို့နေတာဖြစ်ပါတယ်။ ဒါ့အပြင် လယ်ယာထွက်၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနဲ့ တခြားပို့ကုန်တွေလည်း တင်ပို့နေတာဖြစ်ပြီး ရင်းနှီးမြှပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းတွေကို တင်သွင်းနေရတာ ဖြစ်တယ်လို့သိရပါတယ်။