ပဲခူးတိုင်းဒေသကြီးအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်ခဲ့ရာ ပျက်စီးသွားတဲ့လယ်မြေတွေကို တစ်ကွက်ပေါ်တစ်ကွက်စိုက်စနစ်နဲ့ ပြန်လည်စိုက်ပျိုးသွားမယ်လို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းသန်းအောင်ကပြောပါတယ်၊၊
စိုက်ပျိုး သီနှံအလိုက် ရေလွှမ်းဆဲဧက၊ ရေပြန်ပေါ်ဧက၊ ထိခိုက်ပျက်စီးခဲ့တဲ့ဧကတွေကိုစာရင်းပြုစုပြီး တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်နဲ့ ပြန်လည်စိုက်ပျိုးရေးနိုင်ရေးအတွက် ချက်ချင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းဒေသကြီးအတွင်းက ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်ခဲ့တဲ့နေရာမှာတော့ သီးနှံစိုက်ဧကပေါင်း ၄ သိန်း ၇ သောင်းကျော်ရှိပြီး သီးနှံပျက်စီးမှုက ဧက ၃ သောင်း ၉ ထောင်ကျော်နဲ့ မိုးစပါးပျက်စီးမှုက ၂ သောင်း ၁ ထောင်ကျော်လောက် ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်၊၊