မန္တလေးမြို့မှာ မေ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်အတွင်း မီးလောင်မှု သုံးကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မေ ၅ ရက်၊ မနက် ၁၁ နာရီလောက်ကတော့ မန္တလေးမြို့၊ ချမ်းမြ သာစည်မြို့နယ်၊ တမ္ပဝတီရပ်၊ ၈၄ လမ်းရှိ ဂက်စ်အရောင်းဆိုင်တစ်ဆိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကာ လူနှစ်ယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ မေ ၄ ရက်၊ မွန်းလွဲ ၃ နာရီကျော်လောက်ကလည်း မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၃ လမ်း၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြားမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး Level 1 အဆင့် မီးသတ်ယာဉ်အုပ်စုနဲ့ ငြှိမ်းသတ်ခဲ့ရပါတယ်။ဒါ့အပြင် မေ ၄ ရက်၊ နေ့လယ် ၂ နာရီကျော်လောက်ကလည်း မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၇၆ လမ်း၊ ၄ လမ်း နဲ့ ၅ လမ်းကြားမှာ မီးလောင်မှု ဖြစ်ပွားခဲ့သေးတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲရဲ့ ထုတ်ပြန်ချက်အရ သိရ ပါတယ်။

မန္တလေးမြို့မှာ အခုလို မီးလောင်မှု မကြာခဏ ဖြစ်ပွားနေရတာဟာ အပူချိန် မြင့်တက်နေတာကြောင့်နဲ့ မီးကို ပေါ့ဆစွာ သုံးစွဲတာတွေကြောင့် ဖြစ်တယ်လို့ မန္တလေးမြို့ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၂ ရက်က လည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ မီးလောင်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပါသေးတယ်။