မကွေးတိုင်းအတွင်းက ထွက်ရှိတဲ့ထန်းလျက်တွေရဲ့ဈေးဟာ စျေးအမြင့်ဘက်မှာ ရှိနေတယ်လို့ မကွေးမြို့နယ်က ထန်းလျက်ဖို လုပ်ကိုင်သူတွေဆီက သိရပါတယ်။ အခုရာသီဟာ ထန်းရည်ပေါပေါများများ ထွက်ရှိတဲ့ရာသီဖြစ်တဲ့ အတွက် ထန်းလျက်ဖိုတွေကနေ ထန်းလျက်အများဆုံး ထွက်ရှိတဲ့ ကာလဖြစ်ပါတယ်။

လက်ရှိမှာ ထန်းလျက် တစ်ပိဿာကို ကျပ် ၈၀၀၀ စျေးရှိနေပြီး အရင်နှစ်က တစ်ပိဿာကို ကျပ် ၆၀၀၀ စျေးသာ ရှိခဲ့တာပါ။
အခုနှစ်မှာတော့ ထန်းလျက်စျေးကွက်ကောင်းသလို အခုထွက်ရှိတဲ့ ထန်းလျက်တွေကလည်း ဆေးဖက်ဝင်လို့ ရောင်းအားကောင်းနေတယ်လို့ မကွေးမြို့နယ်က ထန်းလျက်ဖို လုပ်ကိုင်သူ မစန်းစန်းမိုးက ပြောပါတယ်။ထန်းလျက်ကိုဆေးအဖြစ် အသုံးပြုသူတွေက ဝယ်ကြသလို မြန်မာမုန့် လုပ်ရောင်းသူတွေကလည်း လာဝယ် ကြတယ်လို့ သိရပါတယ်။