ဝါသီးနှံကို စီမံချက်ရေးဆွဲပြီး အဓိကထား စိုက်ပျိုးဖို့ လုပ်ဆောင်နေတာကြောင့် မကွေးတိုင်းအတွင်းမှာ ပြီးခဲ့နှစ်က ထက် ဝါစိုက်ဧက သုံးသောင်းကျော် တိုးချဲ့စိုက်ပျိုးလာနိုင်တယ်လို့ မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးရင်ထွန်းက ပြောပါတယ်။ မကွေးတိုင်းမှာ စိုက်ပျိုးမြေဧက စုစုပေါင်း(၃၁)သိန်းလောက်ရှိပြီး ဆီထွက်သီးနှံ ဖြစ် တဲ့ မြေပဲနဲ့နှမ်းကို အဓိက စိုက်ပျိုးကြတာပါ။

ဝါသီးနှံကိုတော့ သီးထပ်၊သီးညှပ်အနေနဲ့ စိုက်ပျိုးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းအတွင်းမှာ ချဉ်မျှင်ရှည်ဝါကို အဓိကထားစိုက်ပျိုးကြပြီး အခြားစပ်မျိုးအနည်းငယ်ကိုလည်း စိုက်ပျိုးကြပါ တယ်။ အများဆုံးစိုက်ပျိုးတဲ့ မြို့နယ်တွေကတော့ မကွေး၊နတ်မောက်နဲ့မင်းလှမြို့နယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။