ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့က ဖမ်းဆီးရမိထားတဲ့ တိရစ္ဆာန်တွေကို အများပြည်သူတွေ ကြည့်ရှုနိုင်ဖို့ အတွက် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နဲ့ ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့ကို ပို့ဆောင်ထားတယ်လို့ သယံဇာ တနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်က တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံကျေးရွာရှိ ခြံတစ်ခြံအတွင်းက ငါးကန်ဟောင်း နေရာမှာ တရုတ်နိုင်ငံသားတွေ တရားမဝင်ရောက်ရှိ နေထိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက ဝင်ရောက်စစ်ဆေးခဲ့ရာကနေ တရုတ်နိုင်ငံသား (၄)ယောက်ကို လက်နက်ခဲယမ်းတွေ၊ မူးယစ်ဆေးဝါးတွေအပြင် တရားမဝင် လက်ဝယ်ထားရှိတဲ့ တောရိုင်းတိရစ္ဆာန် ခြင်္သေ့တစ်ကောင်၊ ကျားတစ်ကောင်၊ ဝက်ဝံနှစ်ကောင်တို့နဲ့ အတူ တွေ့ရှိဖမ်းဆီးရမိခဲ့တာပါ။

အဲဒီဖမ်းဆီးရမိခဲ့တဲ့ တိရစ္ဆာန်တွေကို တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)မှာပြသဖို့အတွက် တိရစ္ဆာန်တွေ သယ်ယူပို့ ဆောင်တဲ့လုပ်ငန်းကို Htoo Zoos & Gardens Business Unit မှ အမှုဆောင်အရာရှိချုပ်နဲ့အတူ သစ်တောဦးစီး ဌာန၊ မြန်မာ့သစ်လုပ်ငန်းတို့ ပူးပေါင်းပြီး ဇွန်လ(၂၅)ရက်ကနေ(၃၀)ရက်နေ့အထိ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါ တယ်။

အဲဒီဖမ်းဆီးရမိခဲ့တဲ့တိရစ္ဆာန်တွေထဲက ဟိမဝန္တာဝက်ဝံ အထီး(၁)ကောင်နဲ့ အမ(၁)ကောင်ကို တိရစ္ဆာန် ဥယျာဉ်(နေပြည်တော်)နဲ့ အာဖရိကခြင်္သေ့အထီး(၁)ကောင်၊ ဘင်္ဂလားကျား အမ(၁) ကောင်ကို ဆာဖာရီဥယျာဉ် (နေပြည်တော်)တို့မှာ ပြသထားရှိတယ်လို့ သိရပါတယ်။