ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူ ပြည်သူတွေအတွက် သက်သာတဲ့စျေးနှုူန်းနဲ့ ပြည်တွင်းစားဆန်တွေကို တစ်ရက်ကို ငါးမြို့နယ်နှုန်းနဲ့ လှည့်လည်ရောင်းချပေးနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်၊၊

သက်သာသောစျေးနှုန်းနဲ့ ရောင်းချပေးတဲ့ဆန်တွေကတော့ ပေါ်ဆန်း ဆန်(၅)ကီလို (၂)ပြည်ခွဲတစ်အိတ်ကို ငွေကျပ် ၁၃၅၀၀ ကျပ်၊ ဧည့်မထဆန်(၅)ကီလို (၂)ပြည်ခွဲတစ်အိတ်ကို ငွေကျပ် ၈၀၀၀ ကျပ် သတ်မှတ်ပြီး ကားတွေနဲ့ လိုက်လံရောင်းချပေးနေတာဖြစ်တယ်လို့ သိရပါတယ်၊၊

ပြည်တွင်းစားဆန်တွေကို ကားတွေနဲ့ လှည့်လည်ရောင်းချပေးနေတာဟာ ကောင်းမွန်ပေမယ့် အခုလို လှည့်လည် ရောင်းချမယ့်အစား ဆင်ခြေဖုံးရပ်ကွက်တွေကို အဓိက ရောင်းချပေးလိုက်ရင် ပိုအဆင်ပြေသွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေတဲ့ ရွှေမိုးဆန်ရောင်းဝယ်ရေးဆိုင် တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

ပြည်တွင်းစားဆန်တွေ ကားတွေနဲ့ လှည့်လည်ရောင်းချပေးတဲ့ အခုအစီအစဉ်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်နဲ့ ညီနောင်အသင်းတွေ၊ ဆန်ကုန်စည်ဒိုင်တွေ၊ ဆန်စပါးကုမ္ပဏီတွေ ပူးပေါင်းပြီး ရောင်းချပေးနေတာလို့ သိရပါတယ်။