ထိုင်းနိုင်ငံရဲ့ ဒူးရင်းပို့ကုန်အပေါ် တရုတ်က ယာယီပိတ်ပင်လိုက်တာကြောင့် တရုတ်ကို ဒူးရင်းမတင်ပို့မီ ပိုမိုတင်းကြပ်တဲ့ စစ်ဆေးမှု အစီအမံတွေကို ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီး ဌာနက ဆောင်ရွက်သွားမှာဖြစ်ကြောင်းThe Nation Thailand သတင်းမှာဖော်ပြထားပါတယ်။ထိုင်းနိုင်ငံ ဒူးရင်းတွေမှာ တားမြစ်ထားတဲ့ ဓာတုဆေးတွေနဲ့ ကင် ဆာ ဖြစ်စေနိုင်တဲ့ အရောင်ခြယ် ပစ္စည်းတစ်ခုဖြစ်တဲ့ “Basic Yellow 2” တွေ့ရှိတာကြောင့် အခုလို စစ်ဆေးမှုတွေ ပိုမိုဆောင်ရွက်သွားဖို့ရှိနေတာဖြစ်ပါတယ်။

ဒူးရင်းသီးသယ်ဆောင်လာတဲ့ ကုန်သေတ္တာအားလုံးက သင်္ဘောထွက်ခွာခွင့်မပြုမီ ကင် ဆာ ဖြစ်စေတဲ့ အရောင်ခြယ် ပစ္စည်းဖြစ်တဲ့ “Basic Yellow 2” အပြင် Cadmium နဲ့ ဒူးရင်း ပိုးတွေအတွက်လည်း စစ်ဆေးခံရမှာဖြစ်ပါတယ်။ပို့ကုန်ပိတ်ပင်ခံရပြီးနောက် ဝန်ကြီးက အရေးတကြီး အစည်းအဝေးတစ်ခုခေါ်ယူခဲ့ပြီး ပို့ကုန်အကြိုစစ်ဆေးတဲ့ အစီအမံသစ်က လာမယ့် ၁၀ ရက်အတွင်း စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လုပ်ငန်းဆောင်ရွက်သူတွေက ချမှတ်ထားပေးလိုက်တဲ့ လိုအပ်ချက်တွေ ကို ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ရင် ပို့ကုန်လိုင်စင်တွေ ဆုံးရှုံးသွားမယ်လို့ စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီး ကပြောပါတယ်။အခုလို ပို့ကုန်အကြို ပြင်းထန်တဲ့စစ်ဆေးမှုတွေဆောင်ရွက်တာက ထိုင်းနိုင်ငံရဲ့ ထုတ်ကုန် အရည်အသွေးနဲ့ စိတ်ချရမှု စံနှုန်းတွေအပေါ် တရုတ်ရဲ့ ယုံကြည်ချက်ကို မြှင့်တင်ပေးဖို့ ဖြစ်ကြောင်းထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီး ဌာနက ပြောပါတယ်။