မြန်မာနိုင်ငံမှာ ဒီရေတောဧရိယာ ၁ ဒသမ ၁ သန်းကျော်ရှိပြီး ကမ္ဘာပေါ်မှာ သတ္တမမြောက်နဲ့ အရှေ့တောင်အာရှ မှာ တတိယမြောက် ဒီရေတောအများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်အတွင်း တိုးချဲ့ဖွဲ့စည်းထားတဲ့ ရွှေပြည်အေးချမ်းဘို့ ဒီရေတော ကြိုးပြင်ကာကွယ်တောကို သွားရောက် ကြည့်ရှုစစ်ဆေးရာမှာ အခုလို ပြောကြားခဲ့တာပါ။

ပင်လယ်ကမ်းရိုးတန်းနဲ့ ထိစပ်နေတဲ့ ကမ်းရိုးတန်းဒေသတွေမှာ သဘာဝ ဒီရေတောတွေ ထိန်းသိမ်းရေးနဲ့ ဒီရေ တောစိုက်ခင်းတွေ တည်ထောင်ရေးဟာ လွန်စွာအရေးကြီးပြီး အဲဒီ ဒီရေတောတွေဟာ ပင်လယ်ပြင်ကနေ ဖြစ်ပေါ်လာတဲ့ သဘာဝဘေး အန္တရာယ်တွေကို တံတိုင်းသဖွယ် ကာကွယ်ပေးနိုင်ပါတယ်။

လယ်ယာမြေတွေ အတွင်း ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုကိုလည်း တားဆီးပေးတဲ့အတွက် သီးနှံ ပျက်စီးဆုံးရှုံးမှု အန္တရာယ်ကို ကာကွယ်ပေးသလို ငါး၊ ပုစွန်နဲ့ အခြားသော ရေနေသတ္တဝါတွေ ရှင်သန်ပေါက်ဖွားရာ အရင်းအမြစ်ဖြစ်တာကြောင့် ဒေသခံပြည်သူတွေအတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအပြင် ဒီရေတောဂေဟစနစ်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေထိန်းသိမ်းရေးအတွက် အရှိန်အဟုန်နဲ့ ဆက်လက်ဆောင် ရွက်သွားဖို့လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။