ဆန်ဆိုင်တွေကို ဆန်သိုလှောင်ရုံမှတ်ပုံတင်စနစ်(MyRO)အတွင်း ထည့်သွင်းနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်၊၊ အဲဒီဆန်သိုလှောင်ရုံမှတ်ပုံတင်စနစ်(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်၊၊
ဆန်သိုလှောင်ရုံ မှတ်ပုံတင်စနစ် အတွင်းမှာ ဆန်တန်ချိန် (၅၀) ဒါမှမဟုတ် စပါးတင်း (၅၀၀၀)နဲ့အထက် သိုလှောင်တဲ့ဆန်စပါးသိုလှောင်ရုံတွေအပြင် အသေးစား၊ အငယ်စား ဆန်ဆိုင်တွေကိုပါ ထည့်သွင်းနိုင်ရေးစီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်၊၊
အခုလို ဆန်စပါးသိုလှောင်ရုံတွေအနေနဲ့ အွန်လိုင်းစနစ်နဲ့ မှတ်ပုံတင်ဖို့ ဆောင်ရွက်တာဟာ ဆန်စပါးကဏ္ဍကို ခေတ်မီဒစ်ဂျစ်တယ်နည်းလမ်းတွေနဲ့ပြောင်းလဲပြီး စီမံခန့်ခွဲဖို့ ပိုမိုလွယ်ကူသွားမှာ ဖြစ်တယ်လို့သိရပါတယ်။