ရုရှားနိုင်ငံက ဆန်စပါးတင်ပို့မှုကို လာမယ့် ၂၀၂၅ ခုနှစ် နှစ်ကုန်အထိ ဆက်လက်တားမြစ်ထားမှာဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဒီလိုဆန်တင်ပို့မှုတားမြစ်မယ့် ရုရှား စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ် ချက်ကို ထောက်ခံတယ်လို့ ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက်ခ်ရဲ့အတွင်းဝန်ရုံးက ပြောဆိုခဲ့ပါတယ်။ တားမြစ်တဲ့အထဲမှာ မျိုးစပါးတော့ မပါဝင်ဘူးလို့ သိရပါတယ်။

ရုရှားနိုင်ငံဟာ ခရက်စနိုဒါကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေက ဖီဒိုရော့ဗ်စကီး ရေပေးဝေရေးစနစ်မှာ ထိခိုက်ပျက်စီးမှု ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဆန်စပါးတင်ပို့မှုကို တားမြစ်ခဲ့တာဖြစ်ပါတယ်။ ဆန်တင်ပို့မှု ဆက်လက်တားမြစ်ရတဲ့ ရည်ရွယ်ချက်က ပြည်တွင်းဆန်ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့၊ ဈေးနှုန်းတည်ငြိမ်စေဖို့နဲ့ ဆန်ပြတ်လပ်မှုကို တားမြစ်ဖို့ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဧပြီလမှာ ရုရှားရဲ့ဆန်ထုတ်လုပ်မှုက တန်ချိန် ၉၂၀၁၀၀ အထိ လျော့ကျသွားတာဖြစ်ပါတယ်။ ရုရှား နိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်းက ဆန်စပါးတန်ချိန် ၁ ဒသမ ၂၅၉ သန်းအထိ စံချိန်တင် ထွက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် တုန်းကတော့ ဆန်စပါးတန်ချိန် ၁ ဒသမ ၀၇၃ သန်းသာ ထွက်ရှိခဲ့တာပါ။ ဖီဒိုရော့ဗ်စကီး ရေပေးဝေရေး စနစ်ကို လာမယ့် ၂၀၂၇ ခုနှစ်လောက်မှာ ပြန်လည်ဖွင့်လှစ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။