လာမယ့်ပညာသင်နှစ်မှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးပေါင်းစပ်ထားတဲ့ တက္ကသိုလ်တစ်ခုကို ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာတတ် လူသားအရင်းအမြစ်ကောင်းတွေ မဖြစ်မနေ လိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေပြည်တော်မှာလည်း ဝန်ထမ်းမိသားစု သား၊ သမီးတွေရဲ့ ပညာရေးအတွက်ရည်ရွယ်ပြီး Polytechnic Institue တစ်ခုကို တည်ထောင်ပေးသွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားပါတယ်။