ပြည်တွင်းမှာ စားအုန်းဆီအထွက်နှုန်းတွေ ပိုမိုတိုးတက်ရေး နည်းလမ်းရှာဖွေဆောင်ရွက်သွားရမယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ ဇူလိုင် ၅ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။
ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းတွေကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ဖို့လိုပြီး စိုက်ပျိုးဖို့ ခွင့်ပြုပေးထားတဲ့ မြေတွေကို စနစ်တကျအသုံးချဖို့လိုတယ်လို့လည်း ဆိုပါတယ်။
ဆီထွက်သီးနှံတွေကို အများဆုံးစိုက်ပျိုးတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပန်းတိုင်ရည်မှန်းချက်တွေအတိုင်း ထွက်ရှိမယ်ဆိုရင် ပြည်တွင်းဆီဖူလုံမှုကို အထောက်အကူပြုမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။