စွန့်ပစ်စပါးခွံကနေ လျှပ်စစ်မီးထုတ်တဲ့လုပ်ငန်းတွေ ပိုပြီးဖွံ့ဖြိုးတိုးတက်လာအောင် စပါးခွံက လျှပ်စစ် ထုတ်ချင် သူတွေကို နည်းပညာနဲ့ချေးငွေကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။
ဩဂုတ် ၁၂ ရက်က ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ရှိ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

စပါးခွံကနေလျှပ်စစ်ထုတ်ဖို့ နည်းလမ်း ၂ မျိုးနဲ့ဆောင်ရွက်နိုင်ပြီး လျှပ်စစ်ထုတ်တဲ့လုပ်ငန်းတွေကိုလည်း အားပေး ကူညီဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။
လက်ရှိမှာ လျှပ်စစ်ဓာတ်အား အကန့်အသတ်နဲ့ ရရှိမှုအခြေအနေတွေကြောင့် ဆန်စက်များ ပုံမှန် လည်ပတ်နိုင်ဖို့နဲ့ အဆင်ပြေစေဖို့အတွက် စွန့်ပစ် စပါးခွံကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေ တာဖြစ်တယ်လို့လည်း သိရပါတယ်၊၊