ငလျင်ဒဏ်သင့် စစ်ကိုင်းမြိုမှာ ပျက်စီးခဲ့တဲ့ လျှက်စစ်ဓာတ်အားလိုင်းတွေနဲ့ ထရန်စဖော်မာတွေကို အမြန်ပြု ပြင်နေပြီး အရေးကြီးနေရာအချိုမှာ လျှပ်စစ်မီး ပြန်ပေးနေတယ်လို စစ်ကိုင်းမြိုနယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်းက သိရပါတယ်။

ငလျင်ကြောင့် စစ်ကိုင်းမြိုမှာ ဓာတ်အားလိုင်း ၂ လိုင်းနဲ့ မိန်း ဓာတ်အားခွဲရုံ ၆ ရုံအနက် ဓာတ်အားခွဲရုံ ၅ ရုံ ထိခိုက်ပျက် စီးခဲ့တဲ့အပြင် စစ်ကိုင်းမြိုပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို ဓာတ်အားပေးတဲ့ ၁၁ ကေဗွီလိုင်း ၁၀ လိုင်း၊ ၄၀၀ ဗိုလိုင်းနဲ့ ထရန်စဖော်မာ အလုံး ၂၀ ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တာပါ။ငလျင်လှုပ်ခတ်ပြီးနောက် လျှပ်စစ်ပြုပြင်ရေးအဖွဲက လဲကျနေတဲ့ ဓာတ်တိုင်တွေ ဖယ်ရှားရှင်းလင်းတာနဲ့ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို စစ်ကိုင်းမြိုနယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ပျက်စီးမှုတွေကို အချိန်နဲ့တစ်ပြေးညီ ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့ရာ ပြည်သူ့ဆေးရုံလို အရေးကြီးနေရာ တွေ၊ ရေပေးဝေရာနေရာတွေနဲ့ စစ်ကိုင်းမြိုပေါ် ၂၃ ရပ်ကွက်အနက် ၁၂ ရပ်ကွက်ကို လျှပ်စစ်ဓာတ်အားတွေ ပြန်လည် ပေးဝေနိုင်ပြီ ဖြစ်တယ်လို သိရပါတယ်။ စစ်ကိုင်းမြိုမှာ ကျန်ရှိတဲ့နေရာတွေကို ဧပြီ ၁၈ ရက် မတိုင်ခင် လျှပ်စစ်ဓာတ်အား ပေးဝေနိုင်ဖို လူအင်အား၊ စက်အင်အားတွေနဲ့ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးနေတယ်လိုလည်း သိရပါတယ်။