နေပြည်တော်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တိုရှိ ငလျင်ကြီးဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၂၉ ရက်အထိ သောက်သုံးရေ ဂါလန် ၅ သန်းကျော်ကို လှူဒါန်းပေးခဲ့ပြီးဖြစ်တယ်လို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲကနေ သိရပါတယ်။

လှူဒါန်းရာမှာ နေပြည်တော်မှာ ရေဂါလံ ၄ သန်းကျော်၊ စစ်ကိုင်းဒေသကြီးမှာ ရေဂါလံ ၅ သိန်းခွဲ နီးပါး၊ ပဲခူးတိုင်းဒေသကြီးမှာ ရေဂါလံ ၃ သိန်းခွဲကျော်၊ မန္တလေးတိုင်းဒေသကြီးမှာ ရေဂါလံ ၁ သိန်း ၈ သောင်းကျော်နဲ့ ရှမ်းပြည်နယ်မှာ ရေဂါလံ ၆ သောင်းကျော် လှူဒါန်းခဲ့ပြီးဖြစ်တယ်လို ဆိုပါတယ်။အဲဒီလိုလှူဒါန်းရာမှာ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံတာမျိုးမရှိဘဲ အခမဲ့ လှူဒါန်းပေးတာဖြစ်တယ်လိုလည်း သိရပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲအနေနဲ့ ငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေမှာ ရှာဖွေရေးကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပြီး အဲဒီလိုဆောင်ရွက်ရင်းနဲ့ တွေ့ရှိရတဲ့ ရွှေ၊ ငွေကြေးနဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ပိုင်ရှင်တွေဆီကို စနစ်တကျ ပြန်လည်အပ်နှံပေးနေတာဖြစ်ပါတယ်။
ဓာတ်ပုံ- MFSD