မန္တလေးငလျင်ကြီးဒဏ်ကြောင့် ဘဝကူးပြောင်းသွားသူတွေအတွက် ဆုတောင်းပွဲကို ဟိန္ဒူမိသားစုများကူညီထောက်ပံ့ရေးအဖွဲ့ (မြန်မာ)က မေလ၄ရက်၊ ညနေပိုင်းက မန္တလေးမြို့ရှိ သနန္တနဓမ္မ ဟိန္ဒူဘုရားရှိခိုးကျောင်းမှာပြုလုပ်ခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့ လူမျိုးဘာသာအားလုံးအတွက် ရည်စူးပြီး ဆုတောင်းပွဲကို ပြုလုပ် တာဖြစ်တယ်လို့ ဟိန္ဒူမိသားစုများကူညီထောက်ပံ့ရေးအဖွဲ့(မြန်မာ)ရဲ့ တာဝန်ခံ ဦးမောင်သိန်းက ပြောပါတယ်။အဲဒီဆုတောင်းပွဲမှာ ငလျင်ကြီးဒဏ်ကြောင့် ကွယ်လွန်သွားသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တက်ရောက် လာသူတွေက တစ်မိနစ်ငြိမ်သက်ခဲ့ကြပြီး ဆီမီးထွန်းညှိဆုတောင်းခဲ့ကြပါတယ်။

ဒါ့အပြင် ဟိန္ဒူမိသားစုများကူညီထောက်ပံ့ရေးအဖွဲ့(မြန်မာ)ရဲ့ လှူဒါန်းမှုတွေမှာ လုပ်အားဒါနပါဝင်ခဲ့ကြသူတွေကိုလည်း ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။အဲဒီအပြင် ငလျင်ဒဏ်သင့်ဒေသတွေမှာလည်း စတုဒိသာကျွေးမွေးလှူဒါန်းတာတွေ၊ လိုအပ်တဲ့ပစ္စည်းတွေကို ကူညီထောက် ပံ့နေတာတွေ ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။လာမယ့်မေလ၁၁ရက်မှာလည်း ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်မှာ လူဦးရေ ၃၀၀၀ စာစတုဒိသာကျွေးမွေးလှူဒါန်းတာနဲ့ ငလျင်ဒဏ်ကြောင့် ကွယ်လွန်သွားသူတွေအတွက် ဆုတောင်းပွဲပြုလုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။