နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲစည်းပုံအခြေခံဉပဒေ ပုဒ်မ ၄၁၉ အရ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ကို မေလ ၁၆ ရက် ပြဋ္ဌာန်းလိုက်ပါတယ်။ဒီဥပဒေမှာ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွေမှာ ဘေးအန္တရာယ်ကြောင့် လမ်းပန်းဆက်သွယ်ရေး မပြတ် တောက်စေဖို ၊ ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်စေဖို အတွက် ကျေးလက်လမ်းတွေ ဖွံဖြိုး တိုးတက်ပြီး ရေရှည်တည်တံ့စေဖို ၊ ကျေးလက်ဒေသတွေမှာလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လွယ်ကူပြီး ဘက်စုံဖွံဖြိုး တိုးတက်စေဖို စတဲ့ ရည်ရွယ်ချက်တွေကို ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

အဲဒီဉပဒေပါအချက်တွေအရ ဝန်ကြီးဌာနအနေနဲ့ ကျေးလက်လမ်းစီမံကိန်းတွေကို အစိုးရအဖွဲသဘောတူညီချက်နဲ့ ရေးဆွဲချမှတ်တာတွေဆောင်ရွက်ရမှာဖြစ်ပြီး ကျေးလက်လမ်းလုပ်ငန်းအတွက် တည်ဆဲဥပဒေတွေနဲ့အညီ လိုအပ် တဲ့မြေသိမ်းယူခြင်းနဲ့ အဆောက်အဦဖယ်ရှားခြင်းတွေ ဆောင်ရွက်တာတွေကို လုပ်ပိုင်ခွင့်ရှိတယ်လို ဖော်ပြထား ပါတယ်။ဒီအပြင် ဦးစီးဌာနကလည်း ကျေးလက်လမ်းတွေပျက်စီးတာကနေ ကာကွယ်နိုင်ဖိုအတွက် လိုအပ်တဲ့တားမြစ်ချက် တွေကို ထုတ်ပြန်ရမယ်လို ဉပဒေမှာပါရှိပါတယ်။ကျေးလက်လမ်းဖွံဖြိုးရေးဥပဒေမှာ ကျေးလက်လမ်းစီမံကိန်းတွေရေးဆွဲတဲ့အခါ ကျေးလက်နေပြည်သူတွေအနေ နဲ့ ဆွေးနွေးခွင့်ရရှိမှာဖြစ်ပြီး ဝန်ကြီးဌာနအစီအစဉ်နဲ့ ပြည်တွင်းပြည်ပကျေးလက်လမ်းဖွံဖြိုးတိုးတက်ရေးလုပ်ငန်း တွေမှာ သွားရောက်လေ့လာခွင့်တွေရရှိမယ်ဆိုတာကိုပါ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

ဆက်လက်ပြီး ဘယ်သူမဆို ဦးစီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ကျေးလက်လမ်းကိုဖြတ်သန်းပြီး တစ်စုံတစ်ရာဖောက် လုပ်တာ (ဒါမှမဟုတ်) ဆောက်လုပ်တာနဲ့ ကျေးလက်လမ်းပျက်စီးအောင် တစ်နည်းနည်းနဲ့ဆောင်ရွက်မယ်ဆိုရင် ထိုသူကို ထောင်ဒဏ် ၃ နှစ် အထိဖြစ်စေ ၊ အနည်းဆုံးငွေကျပ် ငါးသောင်းကနေ အများဆုံးကျပ် တစ်သိန်းအထိ ဖြစ်စေ ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမယ့်အပြင် ကျေးလက်လမ်းပျက်စီးဆုံးရှုးမှုရှိခဲ့ရင် ပျက်စီးဆုံးရှုးမှု တန် ဖိုး ကို ပေးလျော်ရမယ်လို ဉပဒေမှာပြဠန်းထားပါတယ်။ဒီအပြင် ခွင့်ပြုချက်မရှိဘဲ လမ်းနယ်နိမိတ်အတွင်း အဆောက်အဉီဆောက်လုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံ ရရင် အနည်းဆုံးကျပ် တစ်သိန်း ကနေ အများဆုံးကျပ် ငါးသိန်းအထိ ငွေဒဏ်ချမှတ်မယ့်အပြင် အဲဒီအဆောက် အဦကိုလည်း ဆောက်လုပ်သူစရိတ်နဲ့ ချက်ခြင်းဖယ်ရှားပေးရမယ်လို ဆိုပါတယ်။
အဲဒီပြစ်မှုကို ထပ်မံကျူးလွန်မယ်ဆိုရင်တော့ အနည်းဆုံးထောင်ဒဏ် ၆ လကနေ အများဆုံး ၁ နှစ် အထိ ချမှတ် မယ့် အပြင် အနည်းဆုံး ကျပ် တစ်သိန်းကနေ အများဆုံး ကျပ် ၁၀ သိန်းအထိ ဒဏ်ငွေချမှတ်မယ်လို ဉပဒေမှာပြဋ္ဌာန်းထား ပါတယ်။ကျေးလက်လမ်းဖွံဖြိုးရေးဉပဒေကို ဝန်ကြီးဌာန နဲ့ ဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့်နဲ့တာဝန်တွေ ၊ ကျေးလက်နေပြည်သူ တွေရဲ့ ရပိုင်ခွင့်နဲ့တာဝန် တွေ အပါအဝင် အခန်း ၈ ခန်း ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။