မတ်လ(၂)ရက်မှာ ကျရောက်မယ့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါဒူးကျေးရွာမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်တယ်လို့ ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။

တောင်သူလယ်သမားနေ့မှာ စိုက်ပျိုးရေးဦးစီးဌာနက မြေပဲ၊ နှမ်း၊ နေကြာ စတဲ့ ဆီထွက်သီးနှံ စိုက်ခင်းတွေ၊ ငါးလုပ်ငန်းဦးစီးဌာနက ငါးမွေးမြူးရေးနဲ့ ငါးသားပေါက်ထုတ်လုပ်တဲ့ နည်းပညာတွေ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ဒေသထွက် ကြက်၊ ဆိတ်၊ ပျားတွေကို စနစ်တကျ မွေးမြူနေမှုနဲ့ မျိုးကောင်းမျိုးသန့် မွေးမြူမှု အခြေအနေတွေကို ပြသားထားမှာ ဖြစ်ပါတယ်။

တောင်သူလယ်သမားနေ့ အခမ်းအနားကို ဧရာဝတီတိုင်ဒေသကြီးအတွင်း သီးနှံစုံ စိုက်ပျိုးတဲ့ တောင်သူတွေကို ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။ အခမ်းအနားမှာ တောင်သူနှီးနှောဖလှယ်ပွဲတွေနဲ့ ဧရာဝတီပေါ်ဆန်း ဖိုရမ်ကိုပါ ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။