မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့သီးနှံကုန်စည်ပွဲရုံတွေကို နှမ်းစမုံနက်တွေလှိုင်လှိုင်ဝင်နေပြီဖြစ်ပြီး အခုနှစ် နှမ်းစမုံနက်စျေးကလည်း အရင်နှစ်တွေထက်စျေးကောင်းရနေတယ်လို့ နှမ်းစမုံနက်ရောင်းချတဲ့တောင်သူတွေဆီကသိရပါတယ်။
အောင်လံမြို့သီးနှံကုန်စည်ပွဲရုံတွေကို အောင်လံမြို့နယ်နဲ့ ဆင်ပေါင်ဝဲမြို့နယ်တွေကကျေးရွာတွေကထွက်ရှိတဲ့ နှမ်းစမုံနက်တွေ အများဆုံးလာရောက်ရောင်းချနေကြတာပါ။

နှမ်းစမုံနက် အက်ဆစ်လွတ်A1၄၅ပိသာတစ်အိတ်ကို ကျပ်၆၂၀၀၀၀ ၊A2 ကျပ်၆၀၀၀၀၀၊A3ကကျပ် ၅၈၀၀၀၀ စျေးတွေဖြစ်ပြီး အက်ဆစ်မလွတ်၄၅ပိသာတစ်အိတ်ကို ကျပ်၅၁၀၀၀၀ စျေးနဲ့ ကျပ်၄၈၀၀၀၀ စျေးတွေနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။
အခုအခါ အောင်လံမြို့သီးနှံကုန်စည်ဒိုင်တွေကနေ မန္တလေးနဲ့ရန်ကုန်အဝယ်တော်တွေက နှမ်းစမုံနက်တွေဝယ်ယူနေကြကာ တရုတ်နဲ့ဂျပန်နိုင်ငံကို အများဆုံးတင်ပို့နေတယ်လို့သိရပါတယ်။