တောင်သူတွေအနေနဲ့ အခုနှစ်ဈေးကွက်အခြေအနေအရ ကြံစိုက်ပျိုးမှုဟာ ပြောင်း၊ နှမ်း စိုက်ပျိုးမှုတွေ ထက်ပိုမိုအမြတ်ရရှိလာတာကြောင့် ကြံကိုအဓိကအားထားစိုက်ပျိုးနေကြတယ်လို့ ကြံစိုက်တောင်သူတစ်ချို့ဆီကနေ သိရပါတယ်။

အခုလက်ရှိမှာ ကြံတစ်တန်ကို ကျပ်နှစ်သိန်းလောက် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့နှစ်ကတော့ ကြံတစ်တန်ကို ကျပ် ၁ သိန်း ၆ သောင်းဝန်းကျင်လောက်ပဲရရှိခဲ့တာကြောင့် အခုနှစ်ကြံဈေးနှုန်းဟာ မြင့်တက်နေတာဖြစ်ပါတယ်။ ကြံကို နှစ်တစ်နှစ်ရဲ့ပထမနှစ် ဒီဇင်ဘာလပိုင်းလောက်မှာ စတင်စိုက်ပျိုးတတ်ကြပြီး နောက်နှစ်မတ်လပိုင်းလဝက်လောက်မှာ ရိတ်သိမ်းလေ့ရှိကြကာ ကြံထွက်ရှိမှုအနေနဲ့လည်း တစ်ဧကမှာ တန် ၄၀ ကနေ တန် ၆၀ ဝန်းကျင် လောက်ထွက်ရှိတယ်လို့သိရပါတယ်။

ကြံစိုက်တောင်သူတွေအနေနဲ့ စိုက်ပျိုးမှုအထွေထွေကုန်ကျစရိတ်ဟာ ကြံအခင်းသစ် တစ်ဧကကို ကျပ် ၁၅ သိန်းကနေ သိန်း ၂၀ ဝန်းကျင်လောက်အထိရှိပြီး အခင်းဟောင်းဆိုရင် ကျပ် ၄ သိန်းဝန်းကျင်လောက် ကုန်ကျတယ်လို့ဆိုပါတယ်။