ပြည်တွင်းဖြစ် မြေပဲဆီတွေကို သက်သာတဲ့စျေးနှုန်းတွေနဲ့ ရောင်းချမယ့် ဈေးရောင်းပွဲတော်ကို လာမယ့် ဩဂုတ်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ရန်ကုန်မြို့၊ လမ်းမတော်မြိုနယ် ၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) ရုံးရှေ့မှာ ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းက ထုတ်ပြန်ထားပါတယ်၊၊
ရောင်းချသွားမယ့် စျေးနှုန်းတွေကတော့ မြေပဲဆီ တစ်ပိဿာကို ၁၇၀၀၀ ကျပ်နှုန်းနဲ့ ငါးဆယ်သားဘူးကနေ ဆယ်ပိဿာဘူးအထိ ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊

အခုလို ရောင်းချပေးတာကို မန္တလေး၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးစတဲ့ တိုင်းဒေသကြီးတွေမှာလည်း ဆီစက်ကုမ္ပဏီ တံဆိပ်ပေါင်း ၁၅ ခုက ရောင်းချပေးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လက်ရှိ ပြင်ပဈေးကွက်ထဲမှာတော့ ပါကင်ဘူးမပါတဲ့ မြေပဲဆီတစ်ပိဿာကို ၁၉၀၀၀ ကျပ် အထိရှိပြီး ပါကင်ဘူးနဲ့ ရောင်းချတဲ့ နာမည်ကြီးအမှတ်တံဆိပ် မြေပဲဆီ တွေကတော့ တစ်ပိဿာကို ကျပ် ၂၀၀၀၀ ကျော်အထိရှိနေတယ်လို့ သိရပါတယ်၊၊