အခု၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ဧပြီ၁ရက်ကနေ ဩဂုတ်၃၁ရက်အထိ ငါးလအတွင်း ပြည်ပကိုဆန်နဲ့ဆန်ကွဲ တန်ချိန် ၇၁၈၂၈၁ တန်တင်ပို့ထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားပါတယ်။
အဲ့ဒီလိုတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃၅၃သန်းရရှိထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လအတွင်းမှာတော့ ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် ၂သိန်းကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၇သန်းရရှိခဲ့တာပါ။

အခုဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကိုဆန်နဲ့ဆန်ကွဲ အမေရိကန်ဒေါ်လာ သန်း၁၀၀၀ ဖိုးတင်ပို့နိုင်အောင် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောကြားထားပါတယ်။