အခုနှစ်မကွေးမြို့နယ်မှာ မိုးရာသီသီးနှံစိုက်ပျိုးချိန် ရာသီဥတုဖောက်ပြန်မှုကြောင့် ပြီးခဲ့တဲ့နှစ်တွေထက် နှမ်းအထွက်နှုန်းလျော့ကျသလို စျေးကွက်လည်းကျဆင်းနေတယ်လို့ ဒေသခံတောင်သူတွေဆီကနေသိရပါတယ်။
အထွက်နှုန်းကျဆင်းပြီး စျေးလည်းမရတဲ့အတွက် တောင်သူတွေမှာ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ဆိုပါတယ်။

မိုးနှမ်းပေါ်စ သြဂုတ်လတုန်းက စမုံနှမ်းနက် တစ်တင်းကို ကျပ်၂ သိန်းကျော်၊ နှမ်းဖြူ တစ်တင်းကို ကျပ် ၁ သိန်း ၆ သောင်းကျော်ရှိခဲ့ပေမယ့် စက်တင်ဘာလဆန်းပိုင်းမှာတော့ နှမ်းဖြူတစ်တင်းကို ကျပ်တစ်သိန်း သုံးသောင်းခွဲဝန်းကျင်ဈေးသာရှိတော့တယ်လို့သိရပါတယ်။
အခုနှစ် စိုက်ပျိုးရာသီချိန်မှာ အရင်နှစ်တွေနဲ့မတူဘဲ သွင်းအားစုစရိတ်နဲ့ လုပ်သားခမြင့်တက်မှုတွေနဲ့ တောင်သူတွေ ကြုံတွေ့ခဲ့ရပြီး လာမယ့်ဆောင်းသီးနှံစိုက်ပျိုးဖို့အတွက် အခက်အခဲတွေများစွာရှိနေတယ်လို့ ဒေသခံတောင်သူတွေကပြောပါတယ်။