ပြည်ပနိုင်ငံတွေကို ရေထွက်ကုန်ပစ္စည်းတွေတင်ပို့လျက်ရှိရာ အခုဘဏ္ဍာနှစ်ဧပြီလ(၁)ရက်ကနေ ဩဂုတ်လ(၃၁)ရက်အထိ ၅ လတာကာလအတွင်း ပြည်ပကို ပုစွန်မက်ထရစ်တန်ချိန် ၂၆၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၉ ဒသမ ၅၈၁ သန်းရရှိခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေသိရပါတယ်။
၅ လတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုကနေ ပုစွန်မက်ထရစ်တန် ၂၁၄၁ ဒသမ ၃၈၇ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၅၅ သန်းရရှိခဲ့တယ်လို့ဆိုပါတယ်။

အလားတူ နယ်စပ်ကုန်သွယ်မှုကနေလည်း ပုစွန်မက်ထရစ်တန် ၄၆၄ ဒသမ ၅၄ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၂၆ သန်းရရှိခဲ့တာပါ။
ပြည်ပနိုင်ငံပေါင်း(၄၀)ကျော်ကို ပြည်တွင်းကထွက်ရှိတဲ့ ငါး၊ ပုစွန်စတဲ့ ရေထွက်ကုန်တွေကိုတင်ပို့နေတာဖြစ်ပြီး ရန်ကုန်မြို့ကတစ်ဆင့် ပုံမှန်တင်ပို့တဲ့အပြင် နယ်စပ်ကုန်သွယ်ရေးကလည်းတိုက်ရိုက်တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။