ပြည်တွင်းမှာ ဆန်အဟောင်းနဲ့ နွေစပါးဆန်အသစ်တွေရှိတဲ့အတွက် ဆန်ဖူလုံမှုရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။
ဩဂုတ် ၁၂ ရက်က ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)ရှိ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဆန်စျေးနှုန်းတွေကိုလည်း တည်ငြိမ်အောင်ဆောင်ရွက်နေတဲ့အပြင် ပြီးခဲ့တဲ့နှစ်က ဆန်အဟောင်း၊ စပါးအဟောင်း နဲ့ နွေစပါးဆန်အသစ်တွေရှိတဲ့အတွက် ပြည်တွင်းဆန်ဖူလုံမှုက စိုးရိမ်စရာမရှိဘူးလို့လည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။
ဆန်တွေကို ပြည်ပတင်ပို့တဲ့နေရာမှာလည်း ပြည်တွင်းမှာဖူလုံ ပိုလျှံတဲ့အနေအထား တစ်ခုမှသာ ပြည်ပကို တင်ပို့တာဖြစ်ပြီး အဲဒီလို တင်ပို့တဲ့ဆန်တွေကလည်း ပြည်တွင်းမှာ စားသုံးမှုများတဲ့ဆန်အမျိုးအစားတွေကို တင်ပို့မှု မရှိဘူးလို့လည်း ဦးရဲမင်းအောင်က ပြောပါတယ်။