အခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ဇူလိုင်လ ၁၂ ရက်အထိ ၃ လကျော်ကာလအတွင်းမှာ ပြည်ပကို ပဲမျိုးစုံ တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၆၅၀ နီးပါး ရရှိခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန စာရင်းတွေအရ သိရပါတယ်၊၊
ပြည်ပကို တင်ပို့တဲ့ပဲတွေကတော့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွမ်းဖြူ၊ ကုလားပဲ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ပဲကတ္တီပါ (စွန်တာနီ/စွန်တာဖြူ)၊ ပဲဖြူလေး၊ ဗိုလ်ကိတ်ပဲ စတဲ့ ပဲမျိုးစုံနဲ့ အခြားပဲတွေကို တင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်၊၊

အဲ့ဒီလို တင်ပို့နေရာမှာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကနေ စုစုပေါင်း တန်ချိန် ၇ သိန်း ၄သောင်းကျော် တင်ပို့နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကတော့ ပြည်ပကို ပဲမျိုးစုံတင်ပို့မှုအနေနဲ့ တန်ချိန် ၁ သန်း ၇ သိန်းကျော် တင်ပို့နိုင် ပြီး ကန်ဒေါ်လာ သန်း ၁၄၀၀ ကျော် ရရှိခဲ့တယ်လို့လည်း သိရပါတယ်။