မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူ ၃၀၀ နီးပါးအတွက် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ဩဂုတ် ၇ ရက်၊ မနက်ပိုင်းက ထုတ်ချေးပေးခဲ့တယ်လို့ ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲကနေ သိရပါတယ်။
ချေးငွေထုတ်ချေးပေးရာမှာ ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတာဝန်ရှိသူတစ်ယောက်က အခုနှစ်မိုးစပါးချေးငွေ ထုတ်ချေးပေးသွားမယ့်အစီအစဉ်တွေ၊ ချေးငွေတွေပြန်လည်ပေးသွင်းရမယ့် ကာလနဲ့အပြေအကျေပြန်လည်ပေးဆပ်နိုင်ရေးပြောကြားခဲ့ပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမှုအနေနဲ့ ပေါင်မြို့နယ်အတွင်းက ရင်းငြိမ်တောင်၊ ရွာတန်ရှည်နဲ့ ကော့ထော်ကျေးရွာရှိ တောင်သူ ၂၉၆ ယောက်တို့ရဲ့ စိုက်ဧက ၅၅၀၀ ကျော်အတွက် ချေးငွေကျပ်သိန်းပေါင်း ၃၄၀၀ ကျော်ကို ထုတ်ချေးပေးခဲ့တယ်လို့ သိရပါတယ်။
စိုက်ပျိုးစရိတ်ချေးငွေယူမယ့်တောင်သူတွေအနေနဲ့ ပုံစံ ၇ မူရင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲကိုအပ်နှံပြီးမှသာ ချေးယူနိုင်မှာဖြစ်ပြီး တစ်ဧကကို ကျပ်တစ်သိန်းခွဲနှုန်းနဲ့ တောင်သူတစ်ယောက်ကို အများဆုံး ၁၀ ဧကအထိ ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။