နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က ဆောင်ရွက်ပေးနေတဲ့ သောက်သုံးရေပေးဝေတဲ့လုပ်ငန်းအတွက် ရေဖိုးရေခနှုန်းထားတွေကို ဇူလိုင်လ(၁)ရက်နေ့ကစတင်ပြီး ပြောင်းလဲ ကောက်ခံသွားမှာဖြစ်တယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီက အသိပေးထုတ်ပြန်ပါတယ်။
အဲဒီပြောင်းလဲကောက်ခံသွားမယ့် နှုန်းထားတွေကတော့ ဌာနဆိုင်ရာရုံးတွေ၊ ဝန်ထမ်းအိမ်ရာတွေကို အရင်မူလ နှုန်းထား(၇၀)ကျပ်အစား အခု(၁၅၀)ကျပ် ပြင်ဆင်ကောက်ခံသွားမှာဖြစ်သလို ပုဂ္ဂလိကလူနေအိမ်တွေကို မူလနှုန်း ထား(၁၄၀)ကျပ်အစား အခုနှုန်းထားသစ်(၂၂၀)ကျပ်၊ ပုဂ္ဂလိကစိမ်းလန်းရေကို မူလနှုန်းထား(၇၀)ကျပ်အစား (၁၄၀)ကျပ် ပြောင်းလဲပြင်ဆင်ကောက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပျဉ်းမနားမြို့ လူနေရပ်ကွက်တွေကို အရင်မူလနှုန်းထား(၂၂၀)ကျပ်၊ စီးပွားရေးလုပ်ငန်းရှင်တွေကိုအရင် နှုန်းထား(၂၆၀)ကျပ်နဲ့ ဟိုတယ်တွေ၊ စက်မှု၊ လက်မှုလုပ်ငန်းတွေကိုတော့ အရင်မူလနှုန်းထား(၄၄၀)ကျပ်အတိုင်း သာ ကောက်ခံသွားမှာဖြစ်ပြီး အပြောင်းအလဲမရှိဘူးလို့ ထုတ်ပြန်ချက်အရသိရပါတယ်။
အလားတူ နိုင်ငံခြားသားနဲ့ဆက်စပ်တဲ့အဆောက်အဦလုပ်ငန်းတွေကို အရင်မူလနှုန်းထား(၈၈၀)ကျပ်နဲ့ စိုက်ပျိုး ရေးသုံးရေကိုလည်း အရင်မူလနှုန်းထား(၂၂၀)ကျပ်အတိုင်းသာ ကောက်ခံသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

