အခုဘဏ္ဍာနှစ် ဇွန်လမှာတော့ ပြည်ပနိုင်ငံတွေကို ဆန်နဲ့ဆန်ကွဲ တန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ခဲ့ပြီး အမေ ရိကန်ဒေါ်လာ ၈၄ သန်း ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရ ပါတယ်။
ပြီးခဲ့တဲ့ မေလကတော့ ပြည်ပကို ဆန်တင်ပို့မှုအနေနဲ့ တန်ချိန် ၇ သောင်းကျော်ရှိပြီး ကန်ဒေါ်လာ ၃၆ သန်း ရရှိခဲ့ တဲ့အတွက် ဇွန်လမှာတော့ ဆန်တင်ပို့မှု တက်လာတာ ဖြစ်ပါတယ်။
ဇွန်လအတွင်း ဆန်တင်ပို့မှုအနေနဲ့ ပြည်တွင်းဆန်တင်ပို့တဲ့ ကုမ္ပဏီ ၄၂ ခုက ဆန်တန်ချိန် ၉ သောင်းခွဲကျော်နဲ့ ဆန်ကွဲတန်ချိန် ၆ သောင်းခွဲကျော် တင်ပို့ရောင်းချခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်ပကို ဆန်တင်ပို့မှု အများဆုံးကတော့ အင်ဒိုနီးရှား၊ အီတလီ၊ စပိန်၊ တရုတ်၊ ပိုလန်နဲ့ အခြားနိုင်ငံတွေ ဖြစ်ပြီး ဆန်ကွဲတင်ပို့မှုအများဆုံးကတော့ တရုတ်၊ဘယ်လ်ဂျီယံ၊အင်ဒိုနီးရှားနဲ့အခြားနိုင်ငံတွေဖြစ်တယ်လို့လည်း ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာတော့ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၂ သန်းခွဲအထိ တိုးမြှင့်တင်ပို့နိုင်ဖို့ ဆောင်ရွက် နေပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်ဘီလီယံကျော်လောက် ရရှိဖို့ မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က တာဝန်ရှိသူတစ်ယောက်က ပြောထားပါတယ်။