မကွေးမြိုမှာ ခရမ်းချဉ်သီးဈေးကျဆင်းလာတာကြောင့် တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ခရမ်းချဉ်စိုက် တောင်သူတွေဆီက သိရပါတယ်။ အခုလက်ရှိ မြိုပေါ်ဈေးတွေမှာ ခရမ်းချဉ်သီး တစ်ပိသာကို အမြင့်ဆုံးကျပ် ၈၀၀ ကနေ အနိမ့်ဆုံးဈေး ၆၀၀ ကျပ် ဈေးသာ ရှိနေတော့တာပါ။

ခရမ်းချဉ်သီးပေါ်စက တစ်ပိသာကို ကျပ်နှစ်ထောင် ကျော် ဈေးရှိခဲ့ပေမယ့် ဈေးက ဆက်တိုက်ကျဆင်းလာတဲ့အတွက် တောင်သူတွေ အရှုံးပေါ်နေတယ်လို့ မကွေးမြို့နယ် အလယ်ချောင်းကျေးရွာက ခရမ်းချဉ်စိုက်တောင်သူ ဒေါ်မော်လီက ပြောပါတယ်။အခုနှစ် ခရမ်းချဉ်သီး ဈေးကျတာက အရင်နှစ်ကလောက်တော့ ဆိုးဆိုးရွားရွား ဈေးမကျဆင်းပေမယ့် စိုက်ပျိုး စရိတ်က အရင်နှစ်တွေကထက် ပိုမိုကုန်ကျခဲ့ကြလို့ ခရမ်းချဉ်စိုက် တောင်သူအများစု အရှုံးပေါ်ခဲ့တာလို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာ အခုရာသီဟာ ခရမ်းချဉ်သီးပေါချိန်ဖြစ်ပြီး မတ်လဆိုရင်တော့ ခရမ်းချဉ်သီး အထွက်နှုန်းလျော့ပြီး ဈေးပြန်လည်ကောင်းလာနိုင်တယ်လို့ တောင်သူတွေက သုံးသပ်နေကြပါတယ်။