ရှမ်းပြည်နယ်၊ “ဝ” အထူးဒေသ(၂)မိုင်းပေါက်မြို့အတွင်း စက်တင်ဘာ ၉ ရက်က မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေရတယ်လို့ “ဝ”သတင်းတွေကိုဖော်ပြနေတဲ့ Wa News Land ရဲ့ ဖော်ပြချက်အရသိရပါတယ်။
ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတဲ့ နေရာအသီးသီးမှာတော့ “ဝ” ဒေသရဲဌာနက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပြီးအထိအခိုက် အပျက်အစီးအရေအတွက်အတိအကျစာရင်းကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ဆိုပါတယ်။
မိုင်းပေါက်မြို့အတွင်းမှာတော့ စက်တင်ဘာ ၉ ရက်၊ မနက်ပိုင်းကစပြီး တစ်နေ့လုံးမိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ရေကြီး၊ ရေလျှံမှုတွေဖြစ်ပေါ်ကာ နေအိမ်အဆောက်အဦတွေနဲ့ လမ်းတွေရေနစ်မြုပ်ခဲ့ပြီး ရေစီးနဲ့မျောပါမှုတွေရှိခဲ့တယ်လို့ သတင်းဖော်ပြချက်အရသိရပါတယ်။
စက်တင်ဘာ ၁၀ ရက်မှာတော့ မိုးရွာသွန်းမှုနည်းသွားပြီး ချောင်းရေတွေလည်း အနည်းငယ်ကျဆင်းနေပြီဖြစ်တယ်လို့ သတင်းဖော်ပြချက်မှာပါရှိပါတယ်။ အလားတူ ပြီးခဲ့တဲ့ဩဂုတ်လတုန်းကလည်း ရေကြီးမြေပြိုမှုတွေကြောင့် မိုင်းပေါက်နဲ့ ပန်ဆန်းကြား ဆက်သွယ်ထားတဲ့ကားလမ်းပျက်စီးမှုဖြစ်ပေါ်ခဲ့သေးတယ်လို့သိရပါတယ်။
Photo-Wa News Land (WNL)