ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ စက်တင်ဘာ ၉ ရက်က ပါပူအာနယူးဂီနီမှာ လူငယ်ထောင်ပေါင်းများစွာကို မိန့်ခွန်းပြောခဲ့ပါတယ်။
လူငယ်တွေဖော်ပြတဲ့ ပျော်ရွှင်မှုအတွက် ကျေးဇူးတင်ကြောင်း၊ တခြားသူတွေကို ကူညီပေး တာနဲ့ ချိတ်ဆက်တာတွေရဲ့ အရေးပါမှုကို ပုပ်ဖရန်စစ်က အလေးပေးဖော်ပြတဲ့ အခမ်းအနားကို လူငယ် ၁၀,၀၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ သူ့ရဲ့ ရည်မှန်းချက်ကြီးတဲ့ ၁၂ ရက်ကြာ လေးနိုင်ငံ ခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါပူအာနယူးဂီနီကို ရောက်ရှိခဲ့တာပါ။
ဖရန်စစ်ရဲ့ ၁၁ နှစ်ကြာလာတဲ့ ပုပ်ရဟန်းမင်းကြီးဘဝမှာ အရှေ့တောင်အာရှနဲ့ သမုဒ္ဒရာပိုင်းဆိုင်ရာ ခရီးစဉ်အဖြစ် ကျွန်းပေါင်း ၆၀၀ ရှိတဲ့ နိုင်ငံမှာ လည်ပတ်နေတာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ တနင်္လာနေ့ နှောင်းပိုင်းမှာ အရှေ့တီမောနိုင်ငံကို သွားရောက်မှာဖြစ်ပြီး အဲဒီကနေ စင်ကာပူနိုင်ငံကို ဆက်လက် သွားရောက်မယ်လို့ သိရပါတယ်။