၂၀၂၄ ပဲရစ်မသန်စွမ်းအိုလံပစ် ပိတ်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့က ပဲရစ်မြို့ စတိတ်ဒီဖရန့် အားကစားကွင်းကြီးမှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနား မစခင်ကတည်းက ပဲရစ်မြို့မှာ မိုးရွာသွန်းနေပေမယ့် ပိတ်ပွဲအခမ်းအနားကို မူလစီစဉ်ထားတဲ့အတိုင်း ကျင်းပခဲ့သလို အခမ်းအနားကို ပြင်သစ် သမ္မတ မက်ခရွန်း ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
အခုပိတ်ပွဲအခမ်းအနားမှာ ပြင်သစ် ဒီဂျေ ၂၄ ယောက်က ဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲဝင်အဖွဲ့ပေါင်း ၁၆၉ ဖွဲ့က အသင်းသားတွေ တက်ရောက်ခဲ့ကြခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် မသန်စွမ်း အိုလံပစ်ကော်မတီ ဥက္ကဋ္ဌက မသန်စွမ်းအိုလံပစ်ပြိုင်ပွဲအလံကို ၂၀၂၆ ပြိုင်ပွဲ လက်ခံကျင်းပမယ့် လော့စ်အန်ဂျလိစ် မြို့တော်ဝန်ဆီကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
လော့စ်အန်ဂျလိစ်မြို့တော်ဝန် ကာရန်ဘက်စ်က မသန်စွမ်း အိုလံပစ်အလံကို လက်ခံရယူတဲ့ ပထမဆုံး လူမည်းအမျိုးသမီး မြို့တော်ဝန်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
မသန်စွမ်းအိုလံပစ်အလံ လွှဲပြောင်းမှုအပြီးမှာတော့ ပိတ်ပွဲအခမ်းအနားကို တက်ရောက်လာခဲ့သူတွေဟာ ပြင်သစ် ဒီဂျေတွေရဲ့ တီးလုံးသံတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းရင်း ပိတ်ပွဲအခမ်းအနားကို အဆုံးသတ်ခဲ့ပါတယ်။