မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာတွေ့ရှိခဲ့တဲ့ မျောက်ကျောက်ရောဂါသံသယဖြစ်ဖွယ်လူနာကိုစစ်ဆေးထားပြီး မကြာခင်မှာထုတ်ပြန်ပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။
စက်တင်ဘာလ ၅ ရက်က မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဘားအံကလာတဲ့ မှန်လုံယာဥ်တစ်စီးပေါ်က ခရီးသည်တစ်ယောက်ကို မျောက်ကျောက်ရောဂါသံသယလူနာအဖြစ်တွေ့ရှိခဲ့လို့ ကျိုက်ထိုပြည်သူ့ဆေးရုံကို ပို့ဆောင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ မျောက်ကျောက်ရောဂါသံသယလူနာနဲ့ပတ်သက်လို့လည်း ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ထားပြီး မကြာခင်ထုတ်ပြန်ပေးသွားမယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ မျောက်ကျောက်ရောဂါသံသယဖြစ်ဖွယ်လူနာ အမျိုးသမီးတစ်ယောက်ကိုစစ်ဆေးခဲ့ရာမှာတော့ ရိုးရိုးရေကျောက်ဖြစ်ပွားတာဖြစ်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က Mpox(မျောက်ကျောက်)ရောဂါကူးစက်မှုကို နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ဩဂုတ် ၁၄ ရက်ကကြေညာထားပါတယ်။