ဂျာမနီဝါရင့်နောက်ခံလူ ဟမ်းမဲလ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့တဲ့ ရိုးမားအသင်းဟာ ကစားသမားကို စက်တင်ဘာလ(၅)ရက်နေ့က ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။
ဟမ်းမဲလ်ဟာ ပြီးခဲ့တဲ့ရာသီအပြီးမှာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပြီး ရိုးမားအသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တာပါ။
ရိုးမားအသင်းရဲ့ကစားသမားသစ်ဖြစ်လာခဲ့တဲ့ ဟမ်းမဲလ်က ဂန္ထဝင်တိုက်စစ်မှူး တော့တီကြောင့် ရိုးမားအသင်းကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ အသင်းနဲ့ပထမဆုံးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ရိုးမားအသင်းကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိသလို အသင်းနဲ့အတူဖြတ်သန်းရမယ့်အပေါ် ပျော်ရွှင်မိတယ် လို့လည်း ဟမ်းမဲလ်က ဆက်လက်ပြောကြားခဲ့ပါသေးတယ်။
ရိုးမားအသင်းဟာ ဟမ်းမဲလ်ကို တစ်နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့မှာ ဖြတ်သန်းခဲ့ဖူးတာကြောင့် အတွေ့အကြုံ ကောင်းတွေကို ယူဆောင်လာပေးနိုင်လိမ့်မယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။