မြူးနစ်မြို့မှာ အစ္စရေးကောင်စစ်ဝန်ရုံးကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမားလို့ သံသယရှိသူကို စက်တင်ဘာ ၅ ရက်က မြူးနစ်မြို့လယ်မှာ ရဲတွေက အသေပစ် ဖမ်းခဲ့ပါတယ်။
အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ သေနတ် သမားဟာ သြစတြီးယားမှာ နေထိုင်သူလို့ ယူဆရတဲ့ အသက် ၁၈ နှစ်အရွယ် သြစတြီးယား အမျိုးသား တစ်ယောက်ဖြစ်ကြောင်း ဂျာမန်ရဲတပ်ဖွဲ့က ပြောပါတယ်။
သံသယရှိသူနဲ့ ပတ်သက်လို့ စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။
သေနတ်သမားနဲ့အတူ ရိုင်ဖယ်သေနတ်ဟောင်းတစ်လက် တွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်ဟာ ၁၉၇၂ အိုလံပစ်အားကစားပြိုင်ပွဲ လုပ်ကြံသတ်ဖြတ်မှု နှစ်ပတ်လည်နေ့နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ဘာဗေးရီးယန်း ပြည်နယ်ဝန်ကြီးချုပ် မာကပ်စ် ဆိုဒါက ပြောပါတယ်။
ပါလက်စတိုင်းစစ်သွေးကြွတွေက အစ္စရေးအားကစားသမား ၁၁ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ မြူးနစ်အိုလံပစ်ပွဲတော် နှစ်ပတ်လည်နေ့မှာ အစ္စရေးကောင်စစ်ဝန်ရုံးကို ပစ်ခတ်ခဲ့တာပါ။
အဲဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အထိမ်းအမှတ်အဖြစ် ကောင်စစ်ဝန်ရုံးကို ပိတ်ထားတာကြောင့် ဖြစ်စဉ်မှာ ကောင်စစ်ဝန်ရုံးကဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။