ခရိုအေးရှားအသင်းရဲ့ အသင်းခေါင်းဆောင် မိုဒရစ်က ယူရို(၂၀၂၄)ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပေမယ့် လာမယ့်နေးရှင်လိဂ်ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ စက်တင်ဘာလ(၄)ရက်နေ့က ပြောကြားခဲ့ပါတယ်။
ခရိုအေးရှားအသင်းဟာ ပြီးခဲ့တဲ့ယူရို(၂၀၂၄)ပြိုင်ပွဲမှာ ရလဒ်ဆိုးရွားခဲ့ပြီး နိုင်ပွဲတစ်ပွဲမှမရခဲ့ဘဲ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတာပါ။
ပြီးခဲ့တဲ့နေးရှင်းလိဂ်ပြိုင်ပွဲမှာ စပိန်အသင်းကိုရှုံးပြီး ဒုတိယနဲ့သာကျေနပ်ခဲ့ရတဲ့ ခရိုအေးရှား အသင်းဟာ အခုပြိုင်ပွဲမှာ ရလဒ်ကောင်းရဖို့အတွက် ပစ်မှတ်ထားနေသလို အသင်းခေါင်းဆောင် မိုဒရစ်ကလည်း လာမယ့်ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
ခရိုအေးရှားအသင်းဟာ ပြီးခဲ့တဲ့ယူရို(၂၀၂၄) ပြိုင်ပွဲမှာ စပိန်၊ အယ်ဘေးနီးယား၊ အီတလီအသင်းတို့နဲ့ အုပ်စုကျပ်မှာကျရောက်ခဲ့ရပြီး အုပ်စုတွင်းပွဲစဉ်(၃)ပွဲ ကစားပြီးချိန်မှာ (၂)ပွဲသရေ၊ (၁)ပွဲရှုံးရလဒ်ကိုသာ ရခဲ့တာကြောင့် ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
လာမယ့်နေးရှင်းလိဂ်ပြိုင်ပွဲမှာ ခရိုအေးရှားအသင်းဟာ ပေါ်တူဂီ၊ စကော့တလန်၊ ပိုလန်အသင်းတို့နဲ့ တစ်အုပ်စု တည်း ကျရောက်နေခဲ့တာဖြစ်ပြီး ရလဒ်ကောင်းရလိမ့်မယ်လို့ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။