နိုင်ငံရေးပါတီ (၅) ပါတီကို အထွေထွေရွေးကောက်ပွဲအမီ စိစစ်မှတ်ပုံတင်ခွင့်ပြုနိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာန တွေ နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေကြားထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ဆက်လက် တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားလာတဲ့ နိုင်ငံရေးပါတီ ၅၀ ပါတီ နဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လက်ရှိအချိန်အထိ တည်ထောင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၁၇ ပါတီ စုစုပေါင်း ၆၇ ပါတီ ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ နိုင်ငံရေးပါတီ ၅၁ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး တည်ထောင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၃ ပါတီ နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၈ ပါတီ စုစုပေါင်း ၁၁ ပါတီတို့ကို ဥပဒေနှင့်အညီ ငြင်းပယ် ခဲ့တယ်လို့ ဖြေကြားချက်မှာ ဖော်ပြထားပါတယ်။
အဲဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ထောင်ခွင့်ပြုခဲ့ပြီး မှတ်ပုံတင်ခွင့်လျှောက်ထားရမယ့် နိုင်ငံရေးပါတီ ၂ ပါတီနဲ့ မှတ်ပုံတင်ခွင့် စိစစ်နေတဲ့ နိုင်ငံရေးပါတီ ၃ ပါတီ ကျန်ရှိနေတယ်လို့ ဖြေကြားထားပါတယ်။