အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော် ကက်ပီတိုလ် ကုန်းမြင့်အနီးမှာ စနေနေ့က တရုတ်ယဉ်ကျေးမှုပြပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ အဲဒီပြပွဲမှာ တရုတ်အနုပညာ၊ စားဖွယ်ရာနဲ့ ရိုးရာဓလေ့တွေကို တင်ဆက်ပြသမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီယဉ်ကျေးမှုပြပွဲကို အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ရှားဖန်က တရုတ်နဲ့ အမေရိကန်ကြား ယဉ်ကျေးမှုတွေကို ပေါင်းကူးပေးပြီး ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ပေးမဲ့ အခွင့်အလမ်းအဖြစ် ရှုမြင်ထားပါတယ်။
ပြပွဲအခမ်းအနားကို အမေရိကန်-တရုတ် စီးပွားရေးကောင်စီ ဥက္ကဋ္ဌ ခရိတ်အယ်လန်လည်းတက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။
တင်ဆက်သွားတဲ့ တရုတ်ယဉ်ကျေးမှုပြကွက်တွေထဲမှာ ထိုက်ကျိ၊ တရုတ်ရိုးရာ ကိုယ်ခံပညာရပ်တွေ ၊ ရွှံ့စေးပန်းပု ၊ ပီကင်းအော်ပရာနဲ့ အစားအစာ အမယ်မျိုးစုံ ပါဝင်ပြသသွားခဲ့ပါတယ်။