အခုဘောလုံးရာသီက လီဗာပူးအသင်းမှာရှိတဲ့ နောက်ဆုံးနှစ်ဖြစ်တယ်လို့ အီဂျစ်တိုက်စစ်မှူး ဆာလက်က မန်ယူ အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောကြားသွားခဲ့ပါတယ်။
အသက်(၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆာလက် နဲ့ လီဗာပူးအသင်းတို့ရဲ့ စာချုပ်သက်တမ်းက အခုဘောလုံးရာသီအပြီးမှာ ကုန်ဆုံးတော့မှာပါ။
အသင်းရဲ့ တာဝန်ရှိ သူတွေအနေနဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းတာမျိုး မရှိသေးတာကြောင့် အခုဘောလုံးရာသီက လီဗာပူးအသင်း နဲ့ နောက်ဆုံးနှစ်ဖြစ်တယ်လို့ ဆာလက်က ပြောပါတယ်။
အခုအချိန်မှာတော့ လီဗာပူးအသင်းအတွက် ကစားပေးဖို့ ကိုပဲ အာရုံစိုက်ထားပြီး အပြောင်းအရွှေ့ကိစ္စတွေကို လာမယ့်နှစ်ရောက်တော့မှသာ ဆုံးဖြတ်သွားမယ်လို့ ဆာလက်က ဆက်လက်ပြောကြားခဲ့ပါသေးတယ်။
လီဗာပူးအသင်းဟာ ဆာလက်ကို (၂၀၁၇)ခုနှစ်မှာ ရိုးမားအသင်း ကနေခေါ်ယူခဲ့တာဖြစ်ပြီး (၂၀၂၂)ခုနှစ်မှာ (၃)နှစ်သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် အခုရာသီမှာ တော့ စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးမှု မရှိသေးတာဖြစ်ပါတယ်။
ဆာလာဟာ အခုလက်ရှိ လီဗာပူးအသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင်(၃)သိန်းခွဲရရှိနေတာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် လစာအများဆုံး ကစားသမား အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။