ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်နဲ့ နိုင်ငံရဲ့ ကျန်နေရာအများစုမှာ သြဂုတ်လ ၃၀ ရက် အစောပိုင်းက လျှပ်စစ် ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ အစိုးရက ပြောဆိုခဲ့ပါတယ်။
အဲဒီလို ဓာတ်အားပြတ်တောက်ရတာဟာ အတိုက်အခံတွေကြောင့်လို့ မာဒူရိုအစိုးရက ပြောဆိုခဲ့ပေမယ့် သက်သေအထောက်အထား တစ်စုံတစ်ရာတော့ မပြသခဲ့ပါဘူး။
ကာရာကတ်မြို့ခံတွေက မနက် ၄ နာရီဝန်းကျင်က သူတို့နေအိမ်တွေမှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ တယ်လို့ ပြောပါတယ်။ အလုပ်သမားတွေဟာ မြေအောက်ဘူတာရုံအပြင်ဘက် ဒါမှမဟုတ် မှောင်မိုက်တဲ့ စားသောက်ဆိုင်တွေမှာ စုဝေးခဲ့ကြပါတယ်။
ဓာတ်အားပြတ်တောက်မှုက ဘယ်လောက်ကြာမယ်ဆိုတာ မသိနိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။
ဗင်နီဇွဲလားမှာ ဇူလိုင် ၂၈ ရက် သမ္မတရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး လက်ရှိအစိုးရနဲ့ အတိုက်အခံတွေအကြား အငြင်းပွားနေဆဲ ဖြစ်ပါတယ်။
မဟာဓာတ်အားလိုင်းကွန်ရက်ကို တိုက်ခိုက်ခဲ့တယ်လို့ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေအပေါ် သမ္မတ နီကိုလပ်စ်မာဒူရို မကြာခဏ အပြစ်တင်လေ့ရှိပြီး စွပ်စွဲချက်တွေကို အတိုက်အခံတွေကလည်း အမြဲတမ်း ငြင်းဆိုခဲ့ပါတယ်။
မြို့တော်ကနေစပြီး မကြာခင် ဓာတ်အားပြန်လည်ရရှိတော့မယ်လို့ ပြည်ထဲရေးဝန်ကြီး ကာဘယ်လိုက မနက် ၁၀ နာရီမှာ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြောဆိုခဲ့ပါ တယ်။
အဲဒီအချိန်မတိုင်ခင်မှာပဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ အစိုးရက ထပ်မံပြောဆိုခဲ့ပါတယ်။
နေ့လယ် ၁ နာရီလောက်မှာတော့ ကာရာကတ်စ်ရဲ့ အစိတ်အပိုင်းတချို့နဲ့ တခြားဒေသတချို့မှာ ဓာတ်အား ပြန်လည် ရရှိခဲ့တယ်လို့ သိရပါတယ်။