လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က အိန္ဒိယအရှေ့မြောက်ပိုင်း ဥတ္တရပရာဒေ့ရှ်ပြည်နယ်မှာ ကလေး(၆)ယောက်နဲ့ အမျိုး သမီး တစ်ယောက်ကို ကိုက်သတ်ခဲ့တဲ့ ဝံပုလွေသုံးကောင်ထဲက တစ်ကောင်ကို အိန္ဒိယအာဏာပိုင်တွေက ဖမ်းမိ ထားပြီဖြစ်ပါတယ်။
ဘာရီယာ ခရိုင်တွင်း ကြိုးဝိုင်းသစ်တော ဧရိယာအနီးက ရွာပေါင်း(၃၀)လောက်ဟာ မကြာ သေးခင် ရက်ပိုင်းတွေက ဝံပုလွေတွေရဲ့ ရန်မူတိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်။
အခုနှစ်နွေရာသီမှာ ရွာသူရွာသားတွေ ပူအိုက်တဲ့အတွက် ပိုမိုအေးမြတဲ့ နေအိမ်အပြင်ဘက်မှာ အိပ်ရာတွေ ကို ထုတ်ပြီး အိပ်စက်ကြတဲ့အတွက် ဝံပုလွေလို သားရဲတွေရဲ့ ရန်မူတိုက်ခိုက်မှုနဲ့ ကြုံခဲ့ကြရတာလို့ ပြောပါတယ်။
အခု ဖမ်းမိတဲ့ ဝံပုလွေတွေကို တာဝန်ရှိသူတွေက ကင်မရာနဲ့ အပူအာရုံစနစ်တွေ တပ်ထားတဲ့ ဒရုန်းတွေနဲ့ ခြေရာခံ လိုက်လံရှာဖွေပြီး ဖမ်းဆီးရမိခဲ့တာပါ။
ကျန်ရှိနေသေးတဲ့ ဝံပုလွေနှစ်ကောင်ကိုလည်း ဖမ်းမိဖို့အတွက် ဆက်လက် ရှာဖွေနေဆဲဖြစ်တယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။