ဂျပန်နိုင်ငံကို တိုင်ဖွန်း ရှန်ရှန် ကြာသပတေးနေ့က ဝင်ရောက်ခဲ့တဲ့နောက် နိုင်ငံအနောက်တောင်ပိုင်းက မီယာဇာကီမြို့မှာ အဆောက်အဦတွေ ပျက်စီးပြီး လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်သွားခဲ့ပါတယ်။
အင်အားကောင်းတဲ့ တိုင်ဖွန်းအဖြစ် သတ်မှတ်ထားတဲ့ တိုင်ဖွန်းရှန်ရှန်ဟာ တစ်နာရီကို လေတိုက်နှုန်း ၁၃၄ မိုင် ရှိပြီး ကျူရှူးကျွန်း ဆတ်ဆူမာဆန်ဒိုင်းမြို့ အနီးကနေ ကုန်းတွင်းပိုင်းကို ကြာသပတေးနေ့ မနက်ပိုင်းမှာ စတင်ဝင်ရောက်ခဲ့တာပါ။
မုန်တိုင်းဖြစ်စဉ်အတွင်း ကာဂိုရှီးမားနဲ့ မီယာဇာကီ ခရိုင်ထဲမှာ လူ(၁) ယောက် ပျောက်ဆုံး နေပြီး လူ (၃၉)ယောက် ဒဏ်ရာရထားတယ်လို့ NFK သတင်းဌာနက ရေးသားဖော်ပြပါတယ်။
ကျန်တဲ့ ခရိုင် (၇) ခုက အိမ်ထောင်စုပေါင်း (၂၅၀၀၀၀) ကျော်ဟာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ရင်ဆိုင်နေရတယ်လို့ ကျူရှူးအီလက်ထရစ်ပါဝါ ကုမ္ပဏီက ပြောပါတယ်။
ဂျပန်အာဏာပိုင်တွေက တိုင်ဖွန်း ရှန်ရှန်ဟာ ဒေသတွင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အားအကောင်းဆုံး မုန်တိုင်း တစ်လုံးဖြစ်တယ်လို့ သတိပေးထားပြီး ဒေသခံ လူ သန်းပေါင်းများစွာကိုလည်း ဘေးလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းထားကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။