ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်မှာ ဩဂုတ် ၂၈ ရက် မနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်ကြောင့် လူတစ်ယောက်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်၊၊
ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် မနက် ၈ နာရီအချိန်လောက်က မိုင်းယောင်းမြို့နယ်၊ ဓာတ်လုံဘုရားအဆင်းလမ်းမှာ Mazda အမျိုးအစားယာဉ်တစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ဓာတ်တိုင်ကိုဝင်တိုက်ပြီး တိမ်းမှောက်ခဲ့တာလို့ဆိုပါတယ်၊၊
အဲဒီယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ယောက်သေဆုံးခဲ့ပြီး အမျိုးသားနှစ်ယောက် မစိုးရိမ်ရထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရပါတယ်။
အခင်းဖြစ်ပြီးနောက် သေဆုံးရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ကြက်ခြေနီတပ်ဖွဲ့က လူနာတင်ယာဉ်နဲ့ မိုင်းယောင်းပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်၊၊
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့