ရခိုင်ပြည်နယ်မှာ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကနေ သိရပါတယ်။
မေလ ၂၃ ရက်နဲ့ မေလ ၂၄ ရက်တွေမှာ လေဖိအားနည်းရပ်ဝန်တစ်ခုဖြစ်ပေါ် လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတဲ့အတွက် ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နဲ့ လုပ်ငန်းကော်မတီတွေ၊ ခရိုင်နဲ့ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တွေက ကြိုတင်ပြင်ဆင် ဆောင်ရွက်နေတာလို့ သိရပါတယ်။
လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းအသိပေးထုတ်ပြန်ချက်တွေ ထုတ်ပြန်တာနဲ့တစ်ပြိုင်နက် ကြိုတင်ကာကွယ် ရေးလုပ်ငန်းတွေကို စနစ်တကျ စီမံဆောင်ရွက်ထားရမှာဖြစ်ပြီး ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကလည်း သဘာဝဘေးမဖြစ်ပွားခင်၊ ဖြစ်ပွားချိန်နဲ့ ဖြစ်ပွားပြီးချိန်တွေအတွက် လိုအပ်တဲ့ စက်၊ ကိရိယာ တွေ၊ ဆေးဝါးတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ကြိုတင်ပြင်ဆင်နေတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန် လင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းဝင် ရောက်တိုက် ခတ်ခဲ့ပြီး မြို့နယ်အများစုမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။